မန်မာပြည်တွင်းရှင်ဂျွန်ရှင်သန်ခဲ့စဉ်က ငယ်ဆရာပေးခဲ့သော ကုသုမ ဆိုသော ဘွဲ့အတွက် ရှင်ဂျွန် ၀မ်းသာအဲမတ် အလွန်ပင်ကျေနပ်ခဲ့ဘူးပါ၏။
ပါဠိလို ကုသုမ၊ သိုးဆောင်းအက္ခရာဖြင့် flower ၊ မြန်မာဘာသာစကားအနေနဲ့ ပန်း ကြည်နူးတိမ်းညွတ်ဖွယ်အမည်နာမ ဖြစ်နေသည်ကတစ်ချက်၊ ခေတ်အဆက်ဆက် မြန်မာရဟန်းတော်များ ဘွဲအမည်ပေးခဲသည်ကတစ်ကြောင်း ကြောင့် အလွန်ကောင်းသောအမည်ဟု ရှင်ဂျွန် နာထင်ရဲ့အပေါ် ဆံပင်တောင်ကျော်၍ သွေးရောက်ခဲ့ဘူးပါ၏။
ရှင်ဂျွန် အိန္ဒိယနိုင်ငံ ဇာတ်တော်ထဲက ဇာတ်လိုက်မြို့သို့ရောက်သောအခါ အလွန်ဂုဏ်ယူနှစ်ချိုက် ကြည်နူးကျေနပ်လိုက်မိသောထို ကုသုမ ဟူသော အမည်သည် ရှင်ဂျွန်၏ ရင်ညွှန့်ကို တည့်တည့်ကြီးထိုးစိုက်လိုက်ချေပါတော့၏။ တစ်နေ့ မှတ်မှတ်ရရ ရှင်ဂျွန်၏ မိတ်ဆွေ တိဗက်တန်တက္ကသိုလ် ဧည့်ပါမောက္ခကိုယ်တော်လေးက ရှင်ဂျွန့်ကို SUCITTA ဟူသော ကထိက အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးပါ၏။
ရှင်ဂျွန်၏ ကုသုမ ဟူသော အမည်ကို I am KUSUMA. ဟု မိတ်ဆက်ပေးလိုက်သည်နှင့် ထို ကထိကအမျိုးသမီး က အံသြ အားနာ ရယ်ချင်စိတ်ကို မျိုသိတ်ထားရသော အသံဖြူ နီ ပြာ ၀ါဖြင့် ပြန်ပြောလိုက်သော စကားကြောင့် ရှင်ဂျွန် ဘ၀မှား နေရာမှား လူမှားများကြားတွင် နာမည်ပါမှားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရပါချေတော့၏။
ကထိကအမျိုးသမီး ပြောလိုက်သောစကားမှာ-----
Oh , it's a female name. ဟူ၏။
သေစမ်းပါ့ ရွာထဲကလူကြီးတွေရယ်၊ အိန္ဒိယမှာ ကုသုမဆိုတာ အမျိုးသမီးတွေသာ မည့်ကြတဲ့နာမည်တဲ့။ယောင်ပြီး ကိုယ့်သင်္ကန်းကိုတောင် စမ်းလိုက်မိပါရဲ့။ ။
No comments:
Post a Comment