ဗာရာဏသီသို့ရောက်ပြီး ရှင်ဂျွန် ဂျီပြော သမင်ပြောထဲသို့ ခုန်ဆင်းကာ မိတ်ဆွေတစ်ချို့နှင့် ဗာရာဏသီ၏ နေ့နှင့် ညကို ဖြတ်သန်းခဲ့ပါ၏။ အညာသား ရှင်ဂျွန်သည်ပင် ကျောပါမက ဆံပင်မွေးညှင်း အစ ကော့နေအောင်ခံရသော ဗာရာဏသီ၏ ပူအိုက်မှုဒဏ်ကို မိတ်ဆွေတို့၏ စကားလုံးနုအေးလေးများဖြင့် တွန်းလှန်ရိုက်ချိုးပစ်ခဲ့ရပါ၏။ ကျေးဇူးတော် ကြီးမားလှပါဘိတောင်း။
အဲ...သို့သော်...သို့သော်လည်းပေါ့........
ဗာရာဏသီရောက် ၂ ရက်မြောက်နေ့ဝယ် ရှင်ဂျွန် အမျိုးသမီးမိတ်ဆွေမလေးတစ်ဦးနှင့် ဂျီပြော သမင်ပြောထဲ့သို့ ခုန်ဆင်းခိုက် ရှင်ဂျွန်၏ အိန္ဒိယတွင် ယခုနေသော နေရပ်ကိုမေးလိုက်သဖြင့် ''ဗာရာဏသီ၊ သိလား" ဟု ရှင်ဂျွန်က ပြန်ဖြေ ၊မေးလိုက်ရာ ထိုအမျိုးသမီး မိတ်ဆွေမလေး ပြောသောစကားကြောင့် ရှင်ဂျွန် အရှင် လတ်လတ် ပုံပြင်စာအုပ်ကြီးထဲသို့ ၀င်ကပ်လိုက်ရပါပြီကော။
အမျိုးသမီးမိတ်ဆွေမလေး ပြောသောစကားမှာ...
"" ပုံပြင်စာအုပ်တွေထဲမှာတော့ ဗာရာဏသီကို တွေ့ဖူးတယ်"".....ဟူ၏။
သေစမ်းပ ရပ်ကွက်ထဲက လူကြီးတွေရယ် ၊ပြည်မသိ ဗာရာဏသီ မင်းမသိ ဗြဟ္မဒတ် ဟု ရှင်ဂွန် ငယ်ငယ်က လူကြီးသူမတို့ပြောသော စကားကို ပြန်ကြားယောင်မိပါ၏ ။ ဆိုးလိုက်ပ၊ ပုံပြင်စာအုပ်ကြီးထဲမှာ ငုတ်တုတ်ကြီး ငိုင်နေသော ရှင်ဂွန် ၊ ကိုယ့်ကိုယ်ကို တွေးပြီး ........................။
အမှားများစွာဖြင့်
ရှင်ဂျွန်
(၂၃-၉-၂၀၁၁)

စာရေးပါဦးလား ကောင်းလိုက်တာာာာ ........
ReplyDelete